လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးလို့သတ်မှတ်ခံထားရတဲ့ဂိုးသမား (၁၀) ယောက်
Posted on 2025-01-01 13:44:15
စွမ်းဆောင်ရည်မြင့်ဂိုးသမားတစ်ယောက်ဟာ ဘောလုံးအသင်းတစ်သင်း ရေရှည်အောင်မြင်မှုရရှိနိုင်ဖို့အတွက် အများကြီးအထောက်အကူပြုနိုင်ပါတယ်။ ခေတ်သစ်ဘောလုံးလောကရဲ့ဆင့်ကဲတိုးတက်ဆန်းသစ်လာမှုကြောင့် ကစားကွက်အခင်းအကျင်းမှာ ဂိုးသမားတွေရဲ့ အရေးပါမှုက အခန်းကဏ္ဍပိုပြီးတော့တောင်စုံလာပါပြီ။ ပြိုင်ဘက်ကစားသမားရဲ့ ခေါင်းတိုက်/ ကန်သွင်းမှုကိုတားဆီးနိုင်ဖို့တင်မကတော့ဘဲ အသင်းနောက်တန်းကစားသမားတွေနဲ့ နားလည်မှုရှိရှိ အချိတ်အဆက်မိမိကစားနိုင်ဖို့၊ ဘောလုံးကို မြန်မြန်နဲ့မှန်မှန်ဖြန့်ဝေပေးနိုင်ဖို့ဆိုတာတွေက ဂိုးသမားကောင်းတစ်ယောက်ရဲ့ မရှိမဖြစ်အရည်အချင်းတွေဖြစ်လာပါတယ်။
ဂိုးကန်သွင်းမှုတားဆီးနိုင်စွမ်း၊ ဘောလုံးဖြန့်ဝေမှုစွမ်းရည်၊ Clean Sheets အရေအတွက်၊ အသင်းအတွက်အရေးပါမှု၊ နိုင်ငံတကာပွဲကစားမှုမှတ်တမ်း စတဲ့အချက်တွေပေါ်မူတည်ပြီး လက်ရှိကမ္ဘာ့အကောင်းဆုံးလို့သတ်မှတ်ခံထားရတဲ့ ဂိုးသမား (၁၀) ယောက်ကိုဖော်ပြပေးလိုက်ပါတယ်။ ဘယ်သူတွေများဖြစ်မလဲ ကြည့်လိုက်ပါဦး...။
1. Alisson (Liverpool)
2. Thibaut Courtois (Real Madrid)
3. Emiliano Martinez (Aston Villa)
4. David Raya (Arsenal)
5. Jan Oblak (Atletico Madrid)
6. Ederson (Manchester City)
7. Andre Onana (Manchester United)
8. Diogo Costa (Porto)
9. Yann Sommer (Inter Milan)
10. Manuel Neuer (Bayern Munich)