"Dominic Solanke တို့လူသိုက် ပုတ်ချလိုက်တဲ့ United ရဲ့ Semi finals ထမင်းလုတ်"

thumbnail1 Posted on 2024-12-20 06:49:36
(Tottenham Hotspur နဲ့ Manchester United တို့ရဲ့ Carabao Cup: Quarter-Finals ပွဲစဉ် ပွဲပြီးအချက်အလက်)

ဒီပွဲမှာ Man United နည်းပြ Amorim က ပွဲထွက်လူစာရင်းမှာ အဓိကဂိုးသမား Andre Onana အစား အရန်ဂိုးသမား Bayindir ကိုအသုံးပြုသွားခဲ့ပြီး စိန်ခေါ်မှုအသစ်အတွက် အဆင်သင့်ဖြစ်နေပြီ လို့ ကြေညာထားတဲ့ မားကပ်ရက်ရှ်ဖို့ဒ်တစ်‌ေယာက်က‌ေတာ့ Man United အသင်းရဲ့လူစာရင်းမှာ မပါဝင်လာခဲ့ပါဘူး။

ပထမပိုင်းစလို့ ပွဲချိန် 15 မိနစ်မှာပဲ Tottenham တိုက်စစ်မှူး ဆိုလန်ကီက အဖွင့်ဂိုးကို သွင်းယူခဲ့ပြီး ပထမပိုင်းပွဲချိန်ပြည့်တဲ့အ၊ိ Man United က ပြန်မချေပနိုင်ခဲ့လို့ Tottenham က 1-0 ရလဒ် နဲ့ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စပြီး ပွဲချိန် 46 မိနစ်မှာ Dejan Kulusevski က Tottenhamအတွက် ဒုတိယဦးဆောင်ဂိုးကိုသွင်းယူခဲ့ပြီး ပွဲချိန် ၅၄ မိနစ်မှာလည်း အဖွင့်ဂိုးရှင် ဆိုလန်ကီက သူ့ရဲ့ဒုတိယမြောက်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့တာကြောင့် Tottenham က 3-0 ရလဒ်နဲ့ အပြတ်အသတ်ဦးဆောင်ကစားနိုင်လာခဲ့ပါတယ်။

ဒါပေမဲ့ ပွဲချိန် 63 မိနစ်မှာ Tottenham ရဲ့ အရန်ဂိုးသမား ဖရေဆာ ဖော်စတာရဲ့ ဖြတ်ထုတ်မှုအမှားကနေ ဘောလုံးကြားဖြတ်ရယူနိုင်သွားတဲ့ ဘရူနို ဖာနန်ဒက်စ်ရဲ့ပေးပို့မှုကတစ်ဆင့် ဇီကာဇီက Man United အတွက် ‌ချေပဂိုးကို စတင်သွင်းယူနိုင်ခဲ့ပါတယ်။ နောက်ထပ်၇ မိနစ်အကြာ ပွဲချိန် ၇၀ မိနစ်မှာလည်း Tottenham ဂိုးသမား Forster က ဒုတိယမ္ပိအမှား‌ကိုထပ်မံကျူးလွန်ခဲ့ပြန်လို့ United တိုက်စစ်မှူး Diallo ကအခွ့င့်အရေးအမိအရယူကန်သွင်းပြီး ၃ -၂ ဖြစ်‌စေခဲ့လို့ Man United အတွက် မျှော်လင့်ချက်ပြန်ရှိလာခဲ့ပါတယ်။

ပွဲပြီးဖို့ ၂ မိနစ်အလို ပွဲချိန် ၈၈ မိနစ်မှာ Tottenham အသင်းခေါင်းဆောင်ဆွန်ဟောင်မင်က ထောင့်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းယူခဲ့ပြီး ၄-၂ ရလဒ်နဲ့ အပြတ်အသတ်ပြန်ဦးဆောင်‌နိုင်‌‌စေခဲ့ပေမဲ့ အံ့အားသင့်ဖွယ်ရာပဲ နာကျင်အချိန်ပို ၉၀+၄ မိနစ်မှာ Man United နောက်တန်းကစားသမား အီဗန်က ထောင့်ကန်ဘောကတစ်ဆင့် ခေါင်းတိုက်ဂိုးသွင်းယူချေပလိုက်လို့ 4-3 နဲ့ရင်ခုန်စရာပြန်ဖြစ်သွားခဲ့ပါ‌သေးတယ်။ ဒါပေမဲ့လည်း Tottenham ကပဲ ပွဲပြီးချိန် ၉၀+၈ မိနစ်ထိ ထိန်းကစားသွားနိုငိခဲ့လို့ Man United အနေဲ့ ဘယ်လိုမှပြန်မလာနိုင်ဖြစ်သွားခဲ့ပါတယ်။ Tottenham အနေနဲ့ကတော့ ဒါဟာ သူတို့အတွက် နောက်ဆုံး (၃) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒီပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်အဆင့်ဆီ ပြန်လည်တက်လှမ်းနိုင်ခဲ့တာပါ။