Gabriel Jesus ရဲ့ ဒုတိယပိုင်း Come Back Hat-trick ကြောင့် Carabao Cup Semi-finals အဆင့်ကိုတက်လှမ်းခွင့်ရခဲ့တဲ့ Arsenal
Posted on 2024-12-19 02:29:38
ဒီနေ့ မနက်အစောပိုင်း (၂:၀၀) နာရီမှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ Arsenal အသင်းနဲ့ Crystal Palace အသင်းတို့ရဲ့Carabao Cup Quarter finals ပွဲစဉ်မှာတော့ Arsenal အသင်းက ဘရာဇီးသားတိုက်စစ်မှူး Gabriel Jesus ရဲ့ အံ့အားသင့်ဖွယ်ရာ come back Hat-trick ဂိုးတွေနဲ့အတူ Crystal Palace အသင်းကို နောက်ကောက်ချပြီး ပြိုင်ပွဲရဲ့ Semi-finals အဆင့်ကိုတက်လှမ်းနိုင်သွားခဲ့ပါတယ်။
ဒုတိယပိုင်းအစမှာ Arsenal နည်းပြ Arteta က Thomas Party နဲ့ Ethan Nwaneri တို့ကို William Saliba နဲ့ Martin Ødegaard တို့နဲ့ လူစားလဲလိုက်ပြီးတဲ့နောက်မှာ ပွဲအခြေအနေကအလှည့်အပြောင်းဖြစ်လာခဲ့ပြီး တိုက်စစ်မှူး Gabriel Jesus က ပွဲချိန် (၅၄, ၇၃, ၈၁) မိနစ်တွေမှာ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲချိန် (၈၅) မိနစ်မှာ Arsenal ကစားသမားဟောင်း Crystal Palace အသင်းတိုက်စစ်မှူး Eddie Nketiah က (၁) ဂိုးပြန်လည်သွင်းယူနိုင်ခဲ့သေးပေမဲ့လည်း Arsenal အသင်းကပဲ ပွဲပြီးထိထိန်းချုပ်ကစားကာ အနိုင်ရခဲ့တာပါ။